မင်းထားသွားတဲ့နောက် ငါ့တစ်ယောက်တည်း အလွမ်းနဲ့ အဖော်ပြုလို့
ပေးခဲ့ဖူးတဲ့ ကတိတွေ တမ်းတလို့နေဆဲ ငါ့ရဲ့အိပ်မက်များ ကြေမွလို့ ပျက်ဆီး
တိုင်တည်ဖူးတဲ့ ငါတို့ရဲ့ ကတိတွေ အရင်လိုမဟုတ်ဘူး ရင်ထဲ အလွမ်းမျက်ရည်နဲ့
မင်းတစ်ယောက်တော့ ဘဝသစ်မှာ အဆင်ပြေမလား
တစ်ခြားတစ်ယောက်ရဲ့ ရင်ခွင်မှာ ပျော်နေလား
တွေးရင်း စိတ်ပူတယ် မင်းအကြောင်းတွေကို
နင်ထားခဲ့တဲ့ ငါ့ဘဝကို ပြန်မကြည့်နဲ့
ဒါ မင်းစိတ်ကြိုက် မင်းသဘောပဲ နင်လုပ်ခဲ့
မင်းပျော်ရွှင်ဖို့အတွက် မင်းရွေးချယ်သွား
အပြောင်းလဲမြန်တဲ့ ဒါ မင်းရဲ့အချစ်တွေလား
နောက်ဆုံးတော့ငါ မသိခဲ့ဘူး