LyricFind Logo
LyricFind Logo
Profile image icon
Lyric cover art

ဘဝ

Apple Music logo
Deezer logo
Spotify logo
Lyrics
မဖြစ်ချင်တာလည်း ဖြစ်ရအုံးမယ်
မလုပ်ချင်တာလည်း လုပ်ရအုံးမယ်
မသွားချင်ပေမဲ့ သွားရလိမ့်မယ်
မထားချင်ပေမဲ့ ထားခဲ့ရမယ်
ဘဝမို့
ဒီစိတ်ဆိုတဲ့အရာဟာ သိပ်ထိန်းရခက်နေလား
ဘဝဆိုတာ သိပ်ဆန်းကြယ်လွန်းနေလား
ဒီအရိပ်အောက်မှာ ခိုနားဖို့အခွင့်ရှိမလား
ခနပါကွာ ဒီလိုငါရှေ့ဆက်သွားမှာလား
ဒီလိုတရက်နှစ်ရက်နဲ့ပဲ အပြောင်းလဲများလည်း
ငါအရင်လို နေချင်သေးတာ
မဖြစ်ချင်တာလည်း ဖြစ်ရအုံးမယ်
မလုပ်ချင်တာလည်း လုပ်ရအုံးမယ်
မသွားချင်ပေမဲ့ သွားရလိမ့်မယ်
မထားချင်ပေမဲ့ ထားခဲ့ရမယ်
ဘဝမို့
မမှားချင်တာလည်း မှားရအုံးမယ်
မပြတ်သားနိုင်တာလည်း ဆုံးဖြတ်ရမယ်
အနားမှာရှိလည်း တွေ့ဖို့ကမလွယ်
ကံတရားဆိုတာတော့ ပြောရခက်တယ်
ဘဝမို့
ဟူး
သစ်ရွက်တချို့တို့လေမှာကြွေ ကြွေလွင့်လေ
မနေ့တနေ့ကနဲ့ မတူတော့ပေ
မိုးစက်ကလေးများ မြေပေါ်ကြွေ ကြွေဆင်းလေ
အပြောင်းလဲ များခဲ့ ပြီပေါ့လေ
ပေးဆပ်ခြင်းဟာ အချိုအခါး သိပ်များလွန်းတယ်
နူးညံ့ဖို့အတွက် ကြမ်းတမ်းနေရတယ်
နားလည်မှုတစ်ခုရဲ့ အလွန်မှာတော့
ရင်မှာဝေခွဲမရပြီပေါ့
မဖြစ်ချင်တာလည်း ဖြစ်ရအုံးမယ်
မလုပ်ချင်တာလည်း လုပ်ရအုံးမယ်
မသွားချင်ပေမဲ့ သွားရလိမ့်မယ်
မထားချင်ပေမဲ့ ထားခဲ့ရမယ်
ဘဝမို့
မမှားချင်တာလည်း မှားရအုံးမယ်
မပြတ်သားနိုင်တာလည်း ဆုံးဖြတ်ရမယ်
အနားမှာရှိလည်း တွေ့ဖို့ကမလွယ်
ကံတရားဆိုတာတော့ ပြောရခက်တယ်
ဘဝမို့
မဖြစ်ချင်တာလည်း ဖြစ်ရအုံးမယ်
မလုပ်ချင်တာလည်း လုပ်ရအုံးမယ်
မသွားချင်ပေမဲ့ သွားရလိမ့်မယ်
မထားချင်ပေမဲ့ ထားခဲ့ရမယ်
မမှားချင်တာလည်း မှားရအုံးမယ်
မပြတ်သားနိုင်တာလည်း ဆုံးဖြတ်ရမယ်
အနားမှာရှိလည်း တွေ့ဖို့ကမလွယ်
ကံတရားဆိုတာတော့ ပြောရခက်တယ်
ဘဝမို့

WRITERS

Min Thiha

PUBLISHERS

Lyrics © O/B/O DistroKid

Share icon and text

Share


See A Problem With Something?

Lyrics

Other

LyricIQ Analysis

Top Emotion

Sadness

Sentiment
Thumbsup IconThumbsup Icon
Theme

None